Tuesday, September 11, 2018

To My 19-Year-Old (2018)

{"post": { "title":"'To My 19-Year-Old (2018)", "body1":" ကျွန်​မတို့အတိတ်​မှာ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ စွန့်​လွှတ်​ခဲ့ရ​ပေမယ့်​ ရင်​ထဲ ​မေ့လို့မရနိုင်​ခဲ့တဲ့ ချစ်​ရသူ​တွေ ရှိကြမှာပါ။ တကယ်​လို့သာ အချိန်​စက်​ဝန်းကိုပြန်​လှည့်​ခွင့်​ကြုံခဲ့ရင်​ သူ့ဆီပြန်​သွားမှာလား ? ဒါမှမဟုတ်​ စွန့်​လွှတ်​ဖို့အတွက်​ ​ရွေးချယ်​မှာလား ? အချစ်​ဦးကိုပဲ တမ်းတသတိရ​နေတဲ့ စွန့်​စားခရီးထွက်​​နေသူ မို့​ရှောင်​ဖုန်းတစ်​​ယောက်​ လမ်းခရီးမှာ မ​တော်​တဆဖြစ်​ပြီး ဆုံးပါးသွားတဲ့အခါ သူ​အချစ်​ဦးအတွက်​ ​နေ့စဉ်​​ရေး​နေခဲ့တဲ့ စာ​သေတ္တာ​လေးဟာ သူချစ်​ရသူ ရန်​ယိရွှယ်​ဆီ​ရောက်​လာခဲ့ပါတယ်​။ မို့​ရှောင်​ဖုန်းကိုချစ်​​ပေမယ့်​ သူငယ်​ချင်းသံ​ယောဇဉ်​​တွေ အတင်းအဖျင်း​တွေကို ​ကြောက်​လို့ စွန့်​လွှတ်​ခဲ့တဲ့ ရန်​ယိရွှယ်​တစ်​​ယောက်​ ​နောင်​တ​တွေနဲ့ ငို​ကြွေးရင်း မို့ရှောင်​ဖုန်း​ပေးခဲ့တဲ့ ​သေတ္တာ​လေးဟာ အတိတ်​ကာလကို ဆက်​သွယ်​လို့ရတဲ့ ဆန်းကြယ်​တဲ့အရာဖြစ်​​နေမှန်း သိသွားတဲ့အခါ..... သူ​နောင်​တရခဲ့တဲ့ အခိုက်​အတန့်​​တွေကိုပြန်​လည်​ပြုပြင်​ရင်း ဒီ​သေတ္တာ​လေးရဲ့အကူအညီနဲ့ သူ့ရဲ့ ၁၉နှစ်​အရွယ်​ဘဝကို ပြန်​သွားခဲ့တဲ့ ရန်​ယိရွှယ်​တစ်​​ယောက်​ ဒီတစ်​ခါ​ရော မို့​ရှောင်​ဖုန်းနဲ့ အတူရှိဖို့ကို ​ရွေးချယ်​မှာလား..... ဒါမှမဟုတ်​ သူ့အ​ပေါ် အနစ်​နာခံကူညီပြီးကြင်​နာတဲ့ လက်​ရှိချစ်​သူ ကျီယုအနားမှာပဲ ဆက်​ရှိ​နေမှာလား.....ဆိုတာ​လေးကို​တော့ ဒီဇာတ်​ကား​လေးကို အဆုံးအထိကြည့်​ရှုပြီး ခံစားကြည့်​လိုက်​ကြပါ​နော်​။ အဓိပ္ပာယ်​ရှိတဲ့စာသား​လေး​တွေနဲ့ ကိုယ့်​ရဲ့ဆယ်​​ကျော်​သက်​ဘဝကို ပြန်​လည်​အမှတ်​ရမိ​စေမယ့်​ ဇာတ်​လမ်း​ကောင်း​လေးမို့ လက်​မလွှတ်​တမ်းကြည့်​ရှုဖို့ ​ညွှန်းဆိုလိုက်​ပါတယ်​​နော်​။ Facebook မှာတင်ထားသော မူဗီအား တိုက်ရိုက် ပြန်ယူပြခြင်းဖြစ်လို့ Fb ပလန်နဲ့ ကြည့်နိုင်ပါတယ်နော်။တောင်းဆို ထားတဲ့ မူဗီများကိုလည် အဆင်ပြေ အောင် အလှည့်ကျ တင်ပြပေးသွား ပါမယ်နော်။.. ", "body2":" အသားကောင်း၊ ဆေးခိုင် သဉ္ဇာခိုင် မှ ထိုးချက်၊ကျစ်လစ် သော ချည်ပေါင်းသား ပြည်တွင်းဖြစ်လေးတွေလဲ ကြော်ငြာ ပေးလိုက်ပါပြီ။ ခုမှ လိုင်းပေါ်တင်ရောင်းပေမဲ့ အပြင်မှာ ဝယ်ယူဘူးသူတွေ အကြိုက်တွေ့တဲ့ ချည်ပေါင်းဝမ်းဆက်လေးတွေပါ။ 15,000 /- ( အနံ ၃ကိုက်ခွဲ ) ဗိုလ်တထောင်မြို့နယ်အတွင်း ဝယ်ယူသူများအား ပို့ခ free ဖြစ်၍ ၃-စုံ နှင့် အထက်ဝယ်ယူသူများအား ရန်ကုန်မြို့ တွင်း အခမဲ့ပို့ဆောင်ပေးပါမည်။ နယ်/မြို့မှ ဝယ်ယူသူများမှာ နေရာအလိုက် ပို့ခပေးဆောင်ရပါမည်။ ဝယ်ယူအားပေးသူ တစ်ဦးချင်းစီအား ကျေးဇူးတင်ပါတယ် ရှင်။ ", "date":"11/9/18(8:45Pm)", "liv":"Drama", "sd":"fb link(HD)", "hd":"fb link(HD)", "fb":"No link (---)", "data":"Facebook လင့်ဖြင့်တင်ပေးထားသည်", "code":"(MF-0043)", "shopname":"Thin Zar Khaing Online Shop", "name":"ချည်ထည်များ", "ks":"15000 Ks", "ph":"09973566887- 09799958273", "ads1":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFy3uW2Tnom7IUFpMb7CX70Hqw0muJqHUUqbSPtD8WNGcz70JPoirpSZA-Ez9fMjDqX18akseqdnjK2R4tuA-KvWAseaMDsF2y87_yklpzAdi2XvBKoPM1wfZgM8SB4Xq2nwjyCIBn9sA/s1600/received_268944727267638.jpg", "image1":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2fhL1Pp3Jupb68PhAeDYQ2G-P0EOy0tZIlvyfKAUnWkuzMA1lYMDQqUYk62V1gsx1dZ41zmGzZB_04DkDiLiMs8z2wuOLX0hXEDn6Y06tjYvEfuqP5XueFHMOWmI-nkfE1RWqFQlM7oOf/s1600/FB_IMG_1536674436922.jpg", "image2":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjGn6cGfXvt0Q1yjQxeEgWy9LC8gOnNrFJayMCNtAdFMLq6WDNCv5ctgdtrnq21Dm7qrHT59_tLVAHXdoZUSDulzXpOFhuSSKPVBUfMtQv6cGiV7o1ZH1hugyOTfsAkJ8oP76pLCmMWOw/s1600/received_424006784672929.jpg", "url1":"https://www.facebook.com/video/embed? video_id=508618836266613", "url2":"https://www.facebook.com/video/embed? video_id=508618836266613", "url3":"https://www.facebook.com/video/embed? video_id=508618836266613" } }

No comments:

Post a Comment